(၁) နိုင်ငံတော်သမ္မတသည် မည်သည့် ပထမတန်း၊ ဒုတိယတန်း အာဏာရ တရားသူကြီး တို့ကိုမဆို ခရိုင်ခွဲများကို အုပ်ချုပ်စေရန် တာဝန်ပေးနိုင်သည့်အပြင် အကြောင်းအခွင့် သင့်သည့်အခါ ယင်းတာဝန်ကို ပြန်၍ နုတ်သိမ်းနိုင်သည်။
(၂) ယင်း ရာဇဝတ် တရားသူကြီးတို့ကို နယ်ပိုင်ရာဇဝတ်တရားသူကြီးများဟု ခေါ်တွင် စေရမည်။
ခရိုင် ရာဇဝတ်တရားသူကြီးသို့ အာဏာများ လွှဲအပ်ခြင်း
(၃) နိုင်ငံတော်သမ္မတက ဤပုဒ်မအရ ရရှိသည့်အာဏာများကို ခရိုင်ရာဇဝတ်တရားသူကြီး သို့ လွှဲအပ်နိုင်သည်။