မည်သူမဆို တပ်မတော်တွင် အမှုထမ်းရွက်သော တပ်မတော်သားတစ်ဦးဦးက (* * *) စစ်ပုန်ကန်မှု ကျူးလွန်ခြင်းကို အားပေးကူညီသည်တွင် ထိုသို့ အားပေးကူညီခြင်းကြောင့် စစ်ပုန်ကန်မှု ကျူးလွန်လျှင် ထိုအားပေးကူညီသူကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။