ပုဒ်မ ၃၆
ပုဒ်မ ၃၆
ရွေးကောက်ပွဲကျင်းပခြင်း

ကော်မရှင်သည်-

(က) ရပ်ကွက် နှင့် ကျေးရွာအုပ်စုအလိုက်ထားရှိမည့် မဲရုံအရေအတွက်ကို ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဦးရေ နှင့်ဒေသအခြေအနေကို မူတည်၍ သင့်လျော်သလို သတ်မှတ်နိုင်သည် သို့မဟုတ် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်သို့လည်း တာဝန်ပေးအပ်နိုင်သည်။

(ခ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအား မဲရုံနေရာများ သတ်မှတ်ရန် တာဝန်ပေးအပ်နိုင်သည်။