ပုဒ်မ ၃၂၅
ပုဒ်မ ၃၂၅
အထူးဂျူရီလူကြီးများ စာရင်းကိုပြုစုခြင်း

အကယ်၍ တရားသူကြီးက ညွှန်ကြားလျှင် အချို့သောပြစ်မှုများကို အထူးဂျူရီဖြင့် စစ်ဆေးစီရင်ရမည်ဟူ၍ နိုင်ငံတော်သမ္မတက ကြေညာထားသည့် မည်သည့်ခရိုင်တွင်မဆို တရားရုံးအရာရှိသည် အထက်တွင်သတ်မှတ်ထားသည့်အတိုင်း ပြင်ဆင်ထားသော စာရင်းအပြင် အဆိုပါစာရင်းတွင်ပါရှိသည့် ဂျူရီလူကြီးများ၏ အမည်များနှင့် ၎င်း၏ သဘောအရ ပစ္စည်း၊ အကျင့်စာရိတ္တ၊ သို့မဟုတ် ပညာအရည်အချင်းနှင့်စပ်လျဉ်း၍ အရည်အချင်းပြည့်စုံပြီး အထူးဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် သင့်တော်သူများ၏ အထူးစာရင်းကို ပြုစုရမည်။ သို့ရာတွင် အဆိုပါအထူးစာရင်းတွင် တစ်ဦးတစ်ယောက်၏ အမည်ပါရှိခြင်းကြောင့် ထိုသူ၏ အမည်ကို ပြင်ဆင်ထားသည့် စာရင်းမှ ထုတ်ပယ်သည့်သဘော သက်ရောက်ခြင်း မရှိစေရ။ ထို့ပြင် အထူး ဂျုရီဖြင့် စစ်ဆေးစီရင်ခြင်းမပြုသည့် အမှုများတွင် ထိုသူကို ရိုးရိုးဂျူရီလူကြီးအဖြစ် ထမ်းဆောင်ရန် တာဝန်ရှိခြင်းမှ လွတ်ကင်းခြင်း မရှိစေရ။