ပုဒ်မ ၃၉၁
ပုဒ်မ ၃၉၁
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း

လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် -

(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိ သူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊

(ခ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲ တစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိသည်၊

(ဂ) ထို့ပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာတိုင်းရင်းသားများသည် မိမိတို့၏တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်လည်း ဆန္ဒမဲပေးပိုင် ခွင့်ရှိသည်၊

(ဃ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကိုကျင့်သုံးရမည်။