ပုဒ်မ ၄၄
ပုဒ်မ ၄၄
ရွေးကောက်ပွဲကျင်းပခြင်း

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ရွေးကောက်ပွဲတစ်ခုတွင် လွှတ်တော်သို့ မြို့နယ်မဲဆန္ဒနယ်အလိုက် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် မိမိဆန္ဒပြုလိုသော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကိုလည်းကောင်း၊ ဥပဒေနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိလျှင် ထိုလွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် လည်းကောင်း ဆန္ဒမဲတစ်မဲစီကို ပေးခွင့်ရှိသည်။ တစ်ဦးစီအတွက် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခွင့် မရှိစေရ။