ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် -
(က) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများသို့မဟုတ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်၊
(ခ) အမျိုးသားလွှတ်တော် ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ၏ အစည်းအဝေးများသို့ ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့်ရှိသည်။