ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးနိုင်ရန် လွှတ်တော်ကိုယ်စား လှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၆၊ ပုဒ်မခွဲ (က) နှင့် ဤဥပဒေပုဒ်မ ၂၅ တို့ပါ အရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ဖြင့်တင်ပြသည့်အခါ နိုင်ငံတော်သမ္မတသည် ယင်းပုဂ္ဂိုလ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။