ပုဒ်မ ၁၁၁
ပုဒ်မ ၁၁၁
အချို့သောအယူခံမှုများကို ပိတ်ပင်ခြင်း

ပုဒ်မ ၁၀၉ တွင် မည်သို့ပင်ပါရှိစေကာမူ အောက်ပါ ဒီကရီ သို့မဟုတ် အမိန့်ကို တရားလွှတ်တော်ချုပ်၌ အယူခံဝင်ခွင့် မရှိစေရ –

(က) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတစ်ဦးကဖြစ်စေ၊ တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ခုံရုံးမှ တရားသူကြီးတစ်ဦးကဖြစ်စေ ချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်၊ သို့မဟုတ် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားလွှတ်တော်တရားသူကြီးတို့ဖြစ်စေ၊ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားလွှတ်တော်တရားသူကြီးများဖြင့် ဖွဲ့စည်းထားသော တရားလွှတ်တော်ခုံရုံးမှ တရားသူကြီးတို့ဖြစ်စေ သဘောကွဲရာတွင် တစ်ဖက်နှင့် တစ်ဖက် တရားသူကြီးဦးရေချင်းတူညီပြီး သဘောကွဲလျက်ရှိသော တရားသူကြီးဦးရေ သည် . တည်ဆဲတရားလွှတ်တော် တရားသူကြီး စုစုပေါင်း ဦးရေ၏ အများစုကို မပြည့်မှီလျှင် အဆိုပါ သဘောကွဲသောတရားသူကြီးတို့က ချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်၊

(ခ) ပုဒ်မ ၁၀၂ အရ ဒုတိယ အယူခံဝင်ခွင့်မရှိသော ဒီကရီ။