“တရားရုံး” ဆိုသည်မှာ တရားစီရင်ရာတွင် တစ်ဦးတည်းတရားစီရင်ရန် ဥပဒေအရ အာဏာရရှိသော တရားသူကြီးကိုသော်လည်းကောင်း၊ အဖွဲ့ဖြင့်တရားစီရင်ရန် ဥပဒေအရ အာဏာရရှိသော တရားသူကြီး အဖွဲ့ကိုသော်လည်းကောင်းဆိုသည်။