ပုဒ်မ ၁၂၇
ပုဒ်မ ၁၂၇
ပုဒ်မ ၁၂၅ နှင့် ၁၂၆ တွင် ဖော်ပြသည့်အတိုင်း စစ်မက်ပြိုင်ဆိုင်ရာတွင်သော်လည်းကောင်း၊ တိုက်ခိုက် ဖျက်ဆီးရာတွင်သော်လည်းကောင်း ရရှိသောပစ္စည်းကို လက်ခံခြင်း

မည်သူမဆို ပုဒ်မ ၁၂၅ နှင့် ၁၂၆ တို့၌ ဖော်ပြသော ပြစ်မှုတစ်ခုခုကို ကျူးလွန်ခြင်းမှ ရရှိသော ပစ္စည်းဟု သိလျက်နှင့် ထိုပစ္စည်းတစ်ခုခုကို လက်ခံလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် လက်ခံသည့် ပစ္စည်းကို သိမ်းယူနိုင်သည်။

ကျင့်ထုံး


  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။