(က) နိုင်ငံတော်သီချင်းအဖြစ် အောက်ဖော်ပြပါ လက်ရှိ နိုင်ငံတော်သီချင်းကို သတ်မှတ်သည်၊
နိုင်ငံတော်သီချင်း
တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-
တို့ပြည်-တို့မြေ-
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-
တို့ပြည်-တို့မြေ-
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ၊ မြန်မာပြည်-
တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ
အဖိုးတန်မြေ။
(ခ) နိုင်ငံတော်သီချင်းနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။