(၁) ရာဇဝတ်ဘရားသူကြီးသည် ပုဒ်မ ၂၄၄ တွင် ရည်ညွှန်းသော သက်သေခံချက်များအပြင် မိမိသဘောဖြင့် ထပ်မံတင်ပြစေသည့် သက်သေခံချက်(ရှိခဲ့လျှင်) ရယူပြီး (အကယ်၍ တရားခံက သက်သေခံချက်မပေးလျှင်) ၎င်းအား စစ်ဆေးပြီးနောက် တရားခံအပေါ် အပြစ်မရှိကြောင်း တွေ့ရှိလျှင် အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့် ရေးသား ချမှတ်ရမည်။
ပြစ်ဒဏ်။
(၂) ရာဇဝတ်တရားသူကြီးသည် ပုဒ်မ ၃၄၉၊ သို့မဟုတ် ပုဒ်မ ၅၆၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်းမပြုသည့်အခါ အကယ်၍ တရားခံ၌ အပြစ်ရှိကြောင်း တွေ့ရှိလျှင် တရားခံအပေါ် ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ရမည်။