(၁) ဒီကရီ ချမှတ်ခဲ့သည့် အမှုပါ အမှုသည်များအချင်းချင်းဖြစ်စေ၊ ၎င်းတို့၏ အခွင့်အရေး ဆက်ခံသူများအချင်းချင်းဖြစ်စေ ဒီကရီအတည်ပြုခြင်း (execution)၊ ဒီကရီအရ ပေးဆပ်ခြင်း (discharge) သို့မဟုတ် ကျေအေးပြေငြိမ်းစေခြင်း (satisfaction) တို့နှင့် စပ်လျဉ်း၍ ပေါ်ပေါက်သမျှ ပြဿနာ အရပ်ရပ်ကို ဒီကရီအတည်ပြုသည့် တရားရုံးကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး၊ သီးခြား တရားမမှု စွဲဆို၍ အဆုံးအဖြတ် မယူရ။
(၂) တရားရုံးသည် ကာလစည်းကမ်းသတ် သို့မဟုတ် စီရင်ပိုင်ခွင့်ဆိုင်ရာ ကန့်ကွက်ချက်များမှအပ ဤပုဒ်မအရ ဆောင်ရွက်ချက်ကို တရားမမှုအဖြစ် သို့မဟုတ် တရားမမှုကို ဆောင်ရွက်ချက်အဖြစ် ပြောင်းလဲ မှတ်ယူနိုင်သည်။
(၃) တစ်ဦးတစ်ယောက်သောသူသည် အမှုသည်တစ်ဦး၏ အခွင့်အရေး ဆက်ခံသူ ဟုတ်၊ မဟုတ် ပြဿနာ ပေါ်ပေါက်ပါကလည်း ယင်းတရားရုံးကပင် ဆုံးဖြတ်ရမည်
ရှင်းလင်းချက် ။ ။ ဤပုဒ်မပါ ကိစ္စများအလို့ငှာ ပလပ်ခြင်းခံရသည့်အမှုတွင် ရှုံးသော တရားလိုနှင့် ပလပ်ခြင်းခံရသောအမှုတွင်နိုင်သည့် တရားပြိုင်သည် အမှုသည်များ ဖြစ်ကြသည်။