ရာဇဝတ်တရားသူကြီးသည် မိမိသဘောအတိုင်း တရားခံက မိမိအတွက် မိမိ ကိုယ်တိုင်သက်သေခံချက်ပေးလိုသည်ဟု ဆန္ဒရှိလျှင် အောက်တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်း အတိုင်း တရားခံ၏သက်သေခံချက်ကို ရယူနိုင်သည်။ ထို့ပြင် ပုဒ်မ ၂၁၁ အရ တင်သွင်းထားသည့် အမည်စာရင်းပါ မည်သည့်သက်သေကိုမဆို ဆင့်ခေါ်၍ သက်သေများ၏ သက်သေခံချက် များကို ရယူနိုင်သည်။