ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူက ဤဥပဒေအခန်း( ၆ ) ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ကျခံစေနိုင်သည်-
(က) သတိပေးခြင်း၊
(ခ) နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များကို ကန့်သတ်ချက်အပါအဝင်ဖြစ်သည့် အမိန့်များ ချမှတ်ခြင်း၊
(ဂ) ဒဏ်ကြေး ပေးဆောင်စေခြင်း၊
(ဃ) တာဝန်ရှိသူ သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းအား လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းမှ ယာယီ သို့မဟုတ် အမြဲတမ်း ရပ်စဲခြင်း၊
(င) လုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်း။