သူတစ်ဦးသည် အရာဝတ္ထုတစ်ခု၏ ပုံသဏ္ဌာန်ကို ဆင်တူယိုးမှားပြုရာ၌ ထိုသို့ ဆင်တူယိုးမှားဖြစ်ခြင်း ကိုအကြောင်းပြု၍ လှည့်ဖြားရန်ကြံရွယ်လျှင် သို့မဟုတ် လှည့်ဖြားခြင်း ဖြစ်တန်ရာသည်ကိုသိလျှင် ထိုသူသည် အတုပြုလုပ်သည်မည်၏။
ရှင်းလင်းချက် ၁။အတုပြုလုပ်ခြင်းတွင် ပုံသဏ္ဌာန်ထပ်တူကျရန်မလို။
ရှင်းလင်းချက် ၂။မှားလောက်အောင် ဆင်တူယိုးမှားဖြစ်နေလျှင် လှည့်ဖြားရန် အကြံမရှိဟုသော် လည်းကောင်း၊ လှည့်ဖြားခြင်း ဖြစ်တန်ရာသည်ကိုမသိဟုသော်လည်းကောင်း သက်သေထင်ရှားမပြနိုင်သမျှ ကာလပတ်လုံး လှည့်ဖြားရန် အကြံရှိသည်ဟု သော်လည်းကောင်း၊ လှည့်ဖြားခြင်း ဖြစ်တန်ရာသည်ကို သိသည်ဟုသော် လည်းကောင်း ဤကိစ္စအလို့ငှာ ယူဆရမည်။