(၁) ဤအခန်းအရ အယူခံမှုကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က စီရင်ဆုံးဖြတ်ပြီးသည့် အခါတိုင်း ၎င်း၏စီရင်ချက်၊ သို့မဟုတ် အမိန့်ကို သက်သေခံလက်မှတ်ရေးထိုးလျှက် အယူခံ တက်ရောက်ခဲ့ရသည့် တွေ့ရှိချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ချမှတ်ရာ တရားရုံးသို့ ပေးပို့ရမည်။ ၎င်းတွေ့ရှိချက်၊ ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်ကို ခရိုင်ရာဇဝတ်တရားသူကြီးမှတစ်ပါး အခြား ရာဇဝတ်တရားသူကြီးတစ်ဦးဦးက ချမှတ်လျှင် ၎င်းသက်သေခံလက်မှတ်ကို ခရိုင်ရာဇဝတ်တရား သူကြီးမှတစ်ဆင့် ပေးပို့ရမည်။ ( ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)
(၂ ) တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က သက်သေခံလက်မှတ်ရေးသားပေးပို့သည့်စီရင်ချက်၊ သို့မဟုတ် အမိန့်ကိုရရှိသည့်ဟရားရုံးသည် ၎င်းပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏စီရင်ချက်၊ သို့မဟုတ် အမိန့်နှင့် ညီညွှတ်သော အမိန့်ကို ချမှတ်ရမည်။ ထို့ပြင် လိုအပ်ပါက အမှုမှတ်တမ်းကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်၊ သို့မဟုတ် အမိန့်နှင့်ညီညွတ်အောင် ပြင်ဆင်ပေးရမည်။( ရာဇဝတ် ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)