ပြုလုပ်မှုဖြင့်ဖြစ်စေ၊ ပျက်ကွက်မှုဖြင့်ဖြစ်စေ အကျိုးသက်ရောက်စေခြင်းသည် သို့မဟုတ် ထိုသို့ အကျိုးသက်ရောက်စေရန် အားထုတ်ခြင်းသည် ပြစ်မှုမြောက်လျှင် ပြုလုပ်မှုတစ်စိတ်တစ်ပိုင်းနှင့် ပျက်ကွက်မှု တစ်စိတ်တစ်ပိုင်းတို့ ပေါင်းခြင်းဖြင့် အကျိုးသက်ရောက်စေခြင်းသည်လည်း ထိုပြစ်မှုပင် မြောက်သည်ဟု မှတ်ယူရမည်။
ဥပမာ
အစားအစာပေးရန် ဥပဒေနှင့်မညီသော ပျက်ကွက်ခြင်းနှင့် ရိုက်နှက်ခြင်းတို့ ပေါင်းခြင်းအားဖြင့် A သည် Z အား တမင်သေစေ၏။ A သည် လူသတ်မှုကို ကျူးလွန်သည်။