ပုဒ်မ ၇၅
ပုဒ်မ ၇၅
အခန်း ၁၂ သို့မဟုတ် အခန်း ၁၇ အရ ယခင်ပြစ်ဒဏ်ခံရဖူးသူအား အချို့ပြစ်မှုများအတွက် ပြစ်ဒဏ် တိုးပေးခြင်း

ဤရာဇသတ်ကြီးပါ အခန်း ၁၂ အရ သို့မဟုတ် အခန်း ၁၇ အရ သုံးနှစ်ဖြစ်စေ၊ သုံးနှစ်ထက်ပို၍ဖြစ်စေ ထောင်ဒဏ်တစ်မျိုးမျိုးထိုက်သော ပြစ်မှုတစ်ခုခုအတွက် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တရားရုံး တစ်ခုခု၏ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဖူးသူသည် ဆိုခဲ့သော အခန်းများအနက် အခန်းတစ်ခုခုအရ ယခင်ထောင်ဒဏ်မျိုးနှင့်လည်းကောင်း၊ ယခင်ထောင်ဒဏ်ကာလနှင့်လည်းကောင်း တူသောပြစ်ဒဏ် ချမှတ်ရန် ထိုက်သင့်သည့် ပြစ်မှုတစ်ခုခုကို ထပ်မံကျူးလွန်လျှင် ထိုသို့ထပ်မံကျူးလွန်သော ပြစ်မှုအတွက် ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ထိုက်သင့်စေရမည်။


ကျင့်ထုံး