တိုင်တန်းချက်ကို တင်သွင်းရာ၌ လက်ခံရသည့် ရာဇဝတ်တရားသူကြီး၊ သို့မဟုတ် လွှဲအပ်ရာ၌ လက်ခံရသူ ရာဇဝတ်တရားသူကြီးသည် တိုင်တန်းသူ၏ ကျမ်းသစ္စာဖြင့် ထွက်ဆိုချက် (အကယ်၍ရှိခဲ့လျှင်)နှင့် ပုဒ်မ ၂၀၂ အရ စုံစမ်းထောက်လှမ်းခြင်း၊ သို့မဟုတ် စုံစမ်း စစ်ဆေးခြင်းဖြင့် ရရှိသည့်အချက်များ (အကယ်၍ရှိခဲ့လျှင်) အပေါ် စဉ်းစားဆင်ခြင်ပြီး နောက်ဆက်လက်စစ်ဆေးရန် လုံလောက်သည့် အခြေအမြစ်မရှိကြောင်းထင်မြင်လျှင် ထိုတိုင်တန်းချက်ကို ပလပ်နိုင်သည်။ ထိုကဲ့သို့ ပလပ်သည့်အမှုမျိုးတွင် မည်သည့်အတွက် ထိုကဲ့သို့ ပလပ်ခဲ့ရကြောင်းကို အကျဉ်းချုပ် ရေးမှတ်ထားရမည်။