(၁) ထို့နောက်တွင် တရားရုံးသို့ အမှုတွဲ မရောက်ရှိသေးလျှင် ထိုအမှုတွဲ မှတ်တမ်းကို အယူခံတရားရုံးက တောင်းခေါ်ရမည်။ အဆိုပါအမှုတွဲမှတ်တမ်းကို ဖတ်ရှုလေ့လာ ပြီးနောက် အယူခံတရားလိုနှင့် ၎င်း၏ရှေ့နေတို့ ရောက်ရှိလျှင် ၎င်းတို့ကိုကြားနာ၍ အစိုးရရှေ့နေ ရောက်ရှိလျှင်လည်း ၎င်းအား ကြားနာပြီးနောက် ပုဒ်မ ၄၁၇ အရ အယူခံမှုတွင် အကယ်၍ တရားခံရောက်ရှိလျှင် ၎င်းအားကြားနာပြီး အမှုတွင် စွက်ဖက်ရန် လုံလောက်သော အကြောင်းမရှိဟု ထင်မြင်ပါက အယူခံမှုကို ပလပ်နိုင်သည်။ သို့မဟုတ် -
(က) အမှုမှ အပြီးအပြတ်လွှတ်သည့်အမိန့်ကို အယူခံသည့်အမှုတွင် ၎င်းအမိန့်ကို ပယ်ဖျက်၍ ထပ်မံစုံစမ်းစစ်ဆေးရန်ဖြစ်စေ၊ ပြန်လည် စစ်ဆေးရန်ဖြစ်စေ၊ စစ်ဆေးစီရင်ရန်အတွက် လွှဲအပ်တင်ပို့ရန်ဖြစ် စေညွှန်ကြားနိုင်သည်၊ သို့မဟုတ် ၎င်းတွင်အပြစ်ရှိကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်နိုင်သည်။
(ခ) ပြစ်မှုထင်ရှားစီရင်ခြင်းအပေါ် အယူခံသည့်အမှုတွင် ( ၁) ဆုံးဖြတ် ချက်နှင့် ပြစ်ဒဏ်ကို ပယ်ဖျက်၍ တရားခံအား အမှုမှအပြီးအပြတ် ဖြစ်စေ၊ စွဲချက်မတင်မီဖြစ်စေ လွှတ်နိုင်သည်၊ သို့မဟုတ် အဆိုပါ တရားရုံး၏ လက်အောက်ဖြစ်သော စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားရုံးတစ်ရုံးက ပြန်လည်စစ်ဆေးစီရင်ရန်၊ သို့မဟုတ် စစ်ဆေးစီရင်ရန်အတွက် လွှဲအပ်တင်ပို့ရန် ညွှန်ကြားရမည်၊ သို့မဟုတ် ( ၂ ) ဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပြစ်ဒဏ်ကို အတည်ပြုနိုင်သည်၊ သို့မဟုတ် ဆုံးဖြတ်ချက်ကို ပြောင်းလဲခြင်း၊ သို့မဟုတ် ပြောင်းလဲ ခြင်းမပြုဘဲ ပြစ်ဒဏ်ကို လျော့ပေါ့နိုင်သည်၊ သို့မဟုတ် ( ၃ ) ပြစ်ဒဏ် ကို လျော့ပေါ့၍ဖြစ်စေ၊ မလျော့ပေါ့ဘဲဖြစ်စေ၊ ၎င်းပြင် ဆုံးဖြတ် ချက်ကို ပြောင်းလဲ၍ဖြစ်စေ၊ မပြောင်းလဲဘဲဖြစ်စေ ပြစ်ဒဏ်အမျိုး အစားကို ပြောင်းလဲနိုင်သည်။ သို့သော်လည်း ပုဒ်မ ၁၀၆ ပုဒ်မခွဲ (၃) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြစ်ဒဏ်ကို တိုး မပေးနိုင်၊
(ဂ) အခြား အမိန့်တစ်စုံတစ်ရာအပေါ် တင်သွင်းသော အယူခံမှုတွင် အဆိုပါအမိန့်ကို ပြောင်းလဲနိုင်သည်၊ သို့မဟုတ် ပယ်ဖျက်ပေးနိုင်သည်။
(ဃ) ပြင်ဆင်ချက်တစ်ရပ်ရပ်၊ သို့မဟုတ် အကျိုးသက်ရောက်သော၊ သို့မဟုတ် ဖြစ်ပေါ်လာသော တရားမျှဘသည်၊ သို့မဟုတ် သင့်လျော်သည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
(၂) ဤပုဒ်မပါ မည်သည့်အချက်အရမျှ ဂျူရီလူကြီး၏ဆုံးဖြတ်ချက်ကို ပြောင်းလဲရန်၊ သို့မဟုတ် ပယ်ဖျက်ရန် တရားရုံးအား ခွင့်မပြုစေရ။ တရားသူကြီးက မှားယွင်း၍ ညွှန်ပြ ခြင်းကြောင့်ဖြစ်စေ၊ ဥပဒေအရ တရားသူကြီးကရှင်းလင်းဖော်ပြရာတွင် ဂျူရီလူကြီးများဘက်က လွဲမှားခြင်းကြောင့်ဖြစ်စေ ၎င်းဆုံးဖြတ်ချက်မှားယွင်းသည်ဟု တရားရုံးကထင်မြင်လျှင်သာ ပြောင်းလဲပယ်ဖျက်ခွင့်ရှိသည်။