ပုဒ်မ ၃၂၁
ပုဒ်မ ၃၂၁
ဂျူရီလူကြီးများ၏ စာရင်း

(၁) တရားရုံးအရာရှိက ၎င်း၏သဘောတွင် အရည်အချင်းနှင့်ပြည့်စုံပြီး ပုဒ်မ ၂၇၈ အပိုဒ် (ခ) မှ (တ) အရ သဘောမတူကြောင်းနှင့် ကန့်ကွက်လျှင် ခွင့်ပြုနိုင်ဖွယ်ရာမရှိသည့် ဂျူရီလူကြီးများအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများ၏ အမည်စာရင်းကို အက္ခရာစဉ်အလိုက် ပြုစုရမည်။

(၂) ထိုစာရင်းတွင် အဆိုပါသူများ၏ အမည်၊ နေရပ်နှင့် အရည်အချင်း၊ သို့မဟုတ် အလုပ်အကိုင်များ ပါရှိရမည်။