ဤဥပဒေအရ ထုတ်ဆင့်၍ စာတိုက်မှ ပေးပို့သော အကြောင်းကြားစာ၊ သမ္မန်စာ သို့မဟုတ် ပေးစာကို မပို့မီ ကျသင့်သောစာပို့ခနှင့် စာပို့မှတ်ပုံတင်ကြေးတို့ကို သတ်မှတ်သော အချိန်အတွင်း ပေးသွင်းရမည်။
သို့ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတသည် စာပို့ခကိုဖြစ်စေ၊ စာပို့ မှတ်ပုံတင်ကြေး ကို ဖြစ်စေ၊ နှစ်ရပ်စလုံးကိုဖြစ်စေ ကင်းလွတ်ခွင့်ပြုနိုင်သည် သို့မဟုတ် ယင်းတို့အစား ကောက်ခံ ရမည့် ရုံးခွန်နှုန်းထားတစ်ရပ် သတ်မှတ်နိုင်သည်။