ပုုဒ်မ ၁၈
ပုုဒ်မ ၁၈
မဲစာရင်းပြုစုခြင်း

(က) ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုတစ်ခု၏ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်မရှိသူတစ်ဦး၏ အမည်ပါဝင်နေကြောင်း ယင်းမဲစာရင်း၌ ပါဝင်သူတစ်ဦးက ကန့်ကွက်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့် အတိုင်း ကန့်ကွက်လွှာတင်သွင်းနိုင်သည်။

(ခ) ပုဒ်မခွဲ(က)ပါကန့်ကွက်လွှာနှင့်စပ်လျဉ်း၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှတစ်ပါး အပြီးအပြတ်ဖြစ်စေရမည်။

(ဂ) မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၌ ကန့်ကွက်လွှာအပေါ် ဆုံးဖြတ်ခြင်းမပြီးပြတ်သေးသော်လည်း မဲစာရင်းတွင် အမည်ပါရှိပြီးဖြစ်သောသူအား မဲမပေးရဟု တားမြစ်ခွင့်မရှိစေရ။ ယင်းအခွင့်အရေးအရ ပေးပြီးဖြစ်သော ဆန္ဒမဲသည်လည်း တရားဝင်ဖြစ်စေရမည်။