တရားသူကြီးက အကြောင်းလုံလောက်သည်ဟုထင်မြင်လျှင် မည်သည့်အတွက်ကြောင့် ငြိမ်ဝပ်စွာနေထိုင်ရန်အတွက် ခံဝန်ချုပ်ဆိုစေရန် အမိန့် မချမှတ်သင့်ကြောင်းကို အကြောင်းပြထုချေစေရန် တောင်းဆိုခြင်းခံရသူ မည်သူကိုမဆို ရုံရှေ့သို့ မလာရောက်စေဘဲ ၎င်း၏ကိုယ်စားရှေ့နေကိုသာ ရောက်ရှိစေရန် ခွင့်ပြုနိုင်သည်။