ပုဒ်မ ၃၂
ပုဒ်မ ၃၂
ဗဟိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်

ဗဟိုဘဏ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ငန်း များကိုလည်း ဆောင်ရွက်ရမည်-

(က) နိုင်ငံခြားသုံးငွေလုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်ခွင့်ရရှိရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စိစစ် ပြီးလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ ဖောက်ဖျက်သူများအား လုပ်ငန်း လိုင်စင်ရုပ်သိမ်းခြင်း၊

(ခ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ် ကွပ်ကဲခြင်း၊

(ဂ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများလက်ဝယ်တွင်ထားရှိနိုင်သည့် နိုင်ငံခြား သုံးငွေရရန်ပိုင်ခွင့်များ၏ ပမာဏကို ကန့်သတ်သည့် စည်းမျဉ်းများ ချမှတ်ခြင်း၊

(ဃ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်သည့်ပုဂ္ဂိုလ်များ၏ အသားတင်နိုင်ငံခြားသုံးငွေ ပမာဏကို ကန့်သတ်မှုများ ပြုလုပ်ရာတွင် ငွေကြေးတစ်မျိုးချင်းသော်လည်းကောင်း၊ ငွေကြေးအားလုံးစုပေါင်း၍ သော်လည်းကောင်း သတ်မှတ်ခြင်း၊ ထို့ပြင်ယင်းတို့၏ပြည်ပကြွေးမြီပမာဏနှင့် အခြားလိုအပ်ချက်များ ကို ကန့်သတ်ခြင်း။