ပုဒ်မ ၈၁-က
ပုဒ်မ ၈၁-က
ရွေးကောက်တင်မြှောက်ခံရခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ချက်များကို အဆုံးအဖြတ်ပေးခြင်း

ကော်မရှင်သည် -

(က) ပုဒ်မ ၄ ပုဒ်မခွဲ(က)အရ သတ်မှတ်ထားသော မဲဆန္ဒနယ်တစ်နယ်တွင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ပြီးပြင်ဆင်မှု သို့မဟုတ် အယူခံမှုဝင်ရောက်ခြင်း မရှိလျှင်ဖြစ်စေ၊ ပြင်ဆင်မှု သို့မဟုတ် အယူခံမှုဝင်ရောက်ပါက ကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုလျှင်ဖြစ်စေ ယင်းလွှတ်တော်ကိုယ်စားလှယ်ရရှိခဲ့သည့် အဆိုပါမဲဆန္ဒနယ်၏ ဆန္ဒမဲရလဒ်များကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ထားသည့် မဲဆန္ဒနယ်အတွက် ပုဒ်မခွဲ(က)ပါ မဲဆန္ဒနယ်မှ ပယ်ဖျက်လိုက်သည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်၍ ကျန်ရှိသော ခိုင်လုံမဲများကို သတ်မှတ်ထားသည့် အတိုင်း ပြန်လည်တွက်ချက်စေပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ကြေညာရမည်။

(ဂ) ပုဒ်မ ၄ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ထားသည့် မဲဆန္ဒနယ်တစ်နယ်တွင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပျက်ပြယ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ပြီး ပြင်ဆင်မှု သို့မဟုတ် အယူခံမှုဝင်ရောက်ခြင်း မရှိလျှင်ဖြစ်စေ၊ ပြင်ဆင်မှု သို့မဟုတ် အယူခံမှုဝင်ရောက်ပါက ကော်မရှင်က ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အတည်ပြုလျှင်ဖြစ်စေ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။