ပုဒ်မ ၁၇၁-စ
ပုဒ်မ ၁၇၁-စ
ရွေးကောက်ပွဲ၌ မလျော်သြဇာသုံးမှုအတွက် သို့မဟုတ် သူတစ်ပါးအယောင်ဆောင်မှုအတွက် ပြစ်ဒဏ်

မည်သူမဆို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှုကို သို့မဟုတ် သူတစ်ပါးအယောင်ဆောင်မှုကို ကျူးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ခြွင်းချက်။ * * * *



ကျင့်ထုံး
  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။