ပုဒ်မ ၁၃၉
ပုဒ်မ ၁၃၉
ကျမ်းကျိန်ထွက်ဆိုရာတွင် ကျမ်းသစ္စာတိုက်နိုင်သူ

ဤဥပဒေအရ ကျမ်းကျိန်လွှာ ပြုလုပ်ရန်ရှိသည့်အခါ အောက်ပါတို့က ကျမ်းကျိန်ထွက်ဆို မည့်သူကို ကျမ်းသစ္စာတိုက်နိုင်သည် –

(က) တရားရုံးတစ်ရုံးရုံး သို့မဟုတ် ရာဇဝတ်တရားသူကြီး တစ်ဦးဦး၊ သို့မဟုတ်

(ခ) ဤကိစ္စအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က ခန့်အပ်သည့် အရာရှိတစ်ဦးဦး သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး၊ သို့မဟုတ်

(ဂ) ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျအားဖြင့်ဖြစ်စေ၊ အထူးအားဖြင့် ဖြစ်စေ လုပ်ပိုင်ခွင့် အပ်နှင်းထားသည့် အခြားတရားရုံး တစ်ရုံးရုံးက ခန့်အပ်သော အရာရှိ တစ်ဦးဦး။