သက်သေတစ်ဦး၏ ယခင်ကစာဖြင့်ရေးသားထားသည့်ထွက်ဆိုချက်များသည် သို့မဟုတ် ရေးမှတ်ထားချက်များသည် အချင်းဖြစ်ကိစ္စများနှင့် စပ်ဆိုင်နေလျှင်၊ ထိုရေးသားချက်ကိုထိုသက်သေ အားမပြဘဲ သို့မဟုတ် သက်သေထင်ရှား တင်ပြခြင်းမပြုဘဲ အဆိုပါ ရေးသားချက်များနှင့်စပ်လျဉ်း၍ ထိုသက်သေအား ပြန်လှန်စစ်မေးခြင်းပြုနိုင်သည်။ သို့ရာတွင် ထိုရေးသားချက်ကိုအသုံးပြု၍ ထိုသက် သေအား ဆန့်ကျင်မေးမြန်းရန်ရည်ရွယ်လျှင် ထိုရေးသားချက်ကိုသက်သေထင်ရှားမပြုနိုင်မီ ထိုသက် သေအား ထိုသို့ဆန့်ကျင်မေးမြန်းရန်အလို့ငှာ အသုံးပြုမည့် ထိုရေးသားချက်မှအပိုင်းများကို ထိုသက် သေအားအသိပေးရမည်။