မည်သူမဆို အစုအဝေးတစ်ခုခုသည် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးဖြစ်မြောက်စေသည့် အကြောင်းခြင်းရာများကို သိလျက်နှင့် ထိုအစုအဝေးတွင် တမင်ပါဝင်လျှင် သို့မဟုတ် ဆက်လက် ပါဝင်နေလျှင် ထိုသူသည် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူမည်၏။