ပုဒ်မ ၁၇၁-ဃ
ပုဒ်မ ၁၇၁-ဃ
ရွေးကောက်ပွဲတွင် သူတစ်ပါး အယောင်ဆောင်ခြင်း

မည်သူမဆို ရွေးကောက်ပွဲတွင် အသက်ရှင်သူတစ်ဦးဦး၏ အမည်နှင့်ဖြစ်စေ၊ သေသူတစ်ဦးဦး၏ အမည်ဖြင့်ဖြစ်စေ၊ ကြံစည်ဖန်တီးသောအမည်ဖြင့်ဖြစ်စေ မဲလက်မှတ်ကို တောင်းဆိုလျှင် သို့မဟုတ် မဲပေးလျှင် သို့မဟုတ် ရွေးကောက်ပွဲ၌ မဲတစ်ကြိမ်ပေးပြီးဖြစ်ပါလျက် ထိုရွေးကောက်ပွဲ၌ပင် မဲလက်မှတ်ကို မိမိအမည်နှင့် တောင်းဆိုလျှင်၊ ထို့ပြင်ဆိုခဲ့သော နည်းလမ်းတစ်ခုခုဖြင့် အခြားသူ မဲပေးခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ထိုသို့ မဲပေးခြင်းကို ဖြစ်မြောက်စေလျှင် သို့မဟုတ် ဖြစ်မြောက်စေရန် အားထုတ်လျှင် ထိုသူသည် ရွေးကောက်ပွဲတွင် သူတစ်ပါး အယောင်ဆောင်မှုကို ကျူးလွန်သည်။


ကျင့်ထုံး