ပုဒ်မ ၈၁
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည့်ကိစ္စရပ်များ၊ သဘောတူညီချက် ရယူမည့်ကိစ္စရပ်များ၊ အတည်ပြုချက်ရယူမည့် ကိစ္စရပ်များကို အောက်ပါအတိုင်း ဆောင်ရွက်ရမည် -
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလ မဟုတ်လျှင်အနီးကပ်ဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။