ဆင့်ခေါ်ခံရသူကို ထိုက်သင့်သလို ကြိုးစားရှာဖွေသော်လည်း မတွေ့နိုင်သည့်အခါတွင် သမ္မန်စာ တစ်စောင်ကို ထိုသူ၏မိသားစုဝင် အရွယ်ရောက်သူတစ်ဦးဦးထံ အပ်နှံထားခဲ့ခြင်းဖြင့် ချအပ်နိုင်သည်။ ထိုသို့ သမ္မန်စာ အပ်နှံခြင်းခံရသူသည် ချအပ်သည့်အရာရှိက လို့အပ်လျှင် လက်ခံရရှိကြောင်း ကျန်သမ္မန်စာ တစ်စောင်၏ ကျောဘက်တွင် လက်မှတ်ရေးထိုးပေးရမည်။