ပုဒ်မ ၂၆
ပုဒ်မ ၂၆
တာဝန်နှင့်လုပ်ပိုင်ခွင့်များ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်၏ တာဝန်များကိုထမ်းဆောင် ခြင်း၊

(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသောအခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း၊

(ဂ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ခုခု၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနတစ်ခုခု သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦး စီးအဖွဲ့ကဖြစ်စေ ဥပဒေအကြံဉာဏ် တောင်းခံပါက ဥပဒေအကြံဉာဏ်ပေးခြင်း၊

(ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က စီရင်ပိုင်ခွင့်ရှိသော မူလမှု၊ အယူခံမှု နှင့် ပြင်ဆင်မှုများတွင် နိုင်ငံတော်နှင့်သက်ဆိုင်သော အမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဘက်မှ လိုက်ပါ ဆောင်ရွက်ခြင်း၊

(င) ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့ခြင်း၊

(စ) ပြစ်မှုဆိုင်ရာအမှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

(ဆ) နိုင်ငံတော်ကတရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သောတရားမမူလမှု၊ တရားမအယူခံမှု နှင့် တရားမပြင်ဆင်မှုများတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်း၊

ဇ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်၊ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့်သက်ဆိုင်သော အမှုများတွင် အယူခံမှု သို့မဟုတ် ပြင်ဆင် မှု တင်သွင်းရန်လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုတင် သွင်းရန် ပြည်ထောင်စုရှေ့နေချုပ်ထံ တင်ပြခြင်း၊

(ဈ) ဥပဒေပြဿနာများနှင့်စပ်လျဉ်း၍ လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ထံ ဥပဒေအကြံဉာဏ် တင် ပြတောင်းခံခြင်း၊

(ည) မိမိအားအပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လို အပ်သော အမိန့်နှင့်ညွှန်ကြားချက်များကို ပြည်ထောင်စုရှေ့နေချုပ်၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊

(ဋ) ဖွဲ့စည်းပုံအခြေခံဥပဒေဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေ ပြုစာရင်းပါ ကိစ္စရပ်များအတွက် သက်ဆိုင်ရာလွှတ်တော်ရှိ ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းထား သော ကော်မတီနှင့်အဖွဲ့များက အကြံဉာဏ်များတောင်းခံပါက လိုအပ်သောဥပဒေအကြံဉာဏ်များပေး ခြင်း၊
(ဌ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်အား ကြီးကြပ်ကွပ် ကဲခြင်း၊

(ဍ) ပြည်ထောင်စုရှေ့နေချုပ်ကဖြစ်စေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်စေ ဥပဒေနှင့်အညီ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဎ) ဥပဒေရေးရာအသိပညာပြန့်ပွားရေးဆောင်ရွက်ခြင်းနှင့် ဥပဒေဆိုင်ရာသုတေသနပြုခြင်း၊

(ဏ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားတာဝန်များကို ထမ်းဆောင်ခြင်း။