(၁) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးရုံးက ငွေဒဏ် ချမှတ်သည့်အခါဖြစ်စေ၊ ငွေဒဏ်ပါသည့်ပြစ်ဒဏ်ကို အယူခံမှု၊ ပြင်ဆင်မှု၊ သို့မဟုတ် အခြားအမှု၌ ငွေဒဏ်ပြစ်ဒဏ်၊ သို့မဟုတ် ငွေဒဏ်ပါသည့်ပြစ်ဒဏ်ကို အတည်ပြုသည့်အခါဖြစ်စေ တရားရုံးက စီရင်ချက်ချမှတ်သည့်အခါ ရရှိသည့် ဒဏ်ငွေအားလုံးကိုသော်လည်းကောင်း၊ တချို့ တစ်ဝက်ကို သော်လည်းကောင်း’
(က) တရားစွဲဆိုရာ၌ အထိုက်အလျောက် ကုန်ကျသည့် စရိတ်စကကို ကျခံစေရာတွင်၊
(ခ) တရားမရုံး တစ်ရုံးရုံး၌ တစ်ဦးတစ်ယောက်သောသူ အနေဖြင့် လျော်ကြေးလုံလုံလောက်လောက် ရရှိနိုင်လိမ့်မည်ဟု တရားရုံးက ထင်မြင်သည့်အခါ ပြစ်မှုကြောင့် ထိုသူ ဆုံးရှူံးမှု၊ နစ်နာမှုအတွက် လျော်ကြေးပေးရာတွင်
(ဂ) တစ်ဦးတစ်ယောက်သည် ခိုးမှု၊ ပြစ်မှုမကင်းသော အလွဲသုံးစား ပြုမှု၊ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှ၊ သို့မဟုတ် လိမ်လည်မှု၊ သို့မဟုတ် ခိုးရာပါပစ္စည်းမှန်းသိလျက်နှင့်ဖြစ်စေ၊ ခိုးရာ ပါ ပစ္စည်းဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ယင်းပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံ၊ သို့မဟုတ် ဆက်လက်ထားရှိ၊ သို့မဟုတ် ယင်းပစ္စည်းကိုထုခွဲရာတွင် မိမိ အလို အလျောက် ကူညီမှု အပါအဝင် ပြစ်မှုတစ်ရပ်ရပ်နှင့် ပြစ်ဒဏ် ထင်ရှားစီရင်ခြင်းခံရသည့်အခါ ထိုပစ္စည်းကို လက်ရှိထားခွင့်ရှိသူသို့ ပြန်ပေးရလျှင် ထိုပစ္စည်းကို သဘောရိုးဖြင့် ဝယ်ယူခဲ့သည့် အခြားသူ မည်သူ့ကိုမဆို ပစ္စည်းဆုံးရှုံးရသည့်အတွက် လျော်ကြေးပေးရာတွင် အသုံးပြုစေရန် အမိန့်ချမှတ်နိုင်သည်။
(၂) အယူခံခွင့်ရှိသည့်အမှုတွင် ငွေဒဏ်ချမှတ်လျှင် အယူခံတင်သွင်းရန်အတွက် ခွင့်ပြုထားသောအချိန်ကာလ မကုန်ဆုံးမီဖြစ်စေ၊ အကယ်၍ အယူခံတင်သွင်းခဲ့သော် အယူခံမှုကို မဆုံးဖြတ်ရသေးမီဖြစ်စေ အဆိုပါဒဏ်ငွေကို ထုတ်ပေးခြင်းမပြုရ။