ပုဒ်မ ၁
ပုဒ်မ ၁
အာဏာသက်ရောက်ရာ နယ်မြေ (Extent)

ဤဥပဒေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးနှင့် သက်ဆိုင်စေရမည်။ သို့ရာတွင် ၎င်းနှင့် ဆန့်ကျင်ကွဲလွဲသည့် သီးခြားပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိလျှင် ဤဥပဒေပါ ကမျှ တည်ဆဲ အထူးဥပဒေ သို့မဟုတ် ဒေသန္တရဥပဒေ တစ်စုံတစ်ရာ တစ်ရပ်ရပ်က အပ်နှင်းထားသည့် အထူးစီရင်ပိုင်ခွင့်အာဏာ မည်သည့်ပြဋ္ဌာန်းချက် စ်စုံတစ်ရာကိုဖြစ်စေ တည်ဆဲ အခြားဥပဒေ သို့မဟုတ် အာဏာကိုဖြစ်စေ ယင်းဥပဒေက သတ်မှတ်ထားသည့် အထူးကျင့်ထုံး တစ်စုံတစ်ရာကိုဖြစ်စေ ထိခိုက်ခြင်းမရှိစေရ။