တိုင်တန်းမှုမှတစ်ပါး အခြားနည်းဖြင့်စွဲဆိုသော မည်သည့်အမှုတွင်မဆို ပထမတန်း အာဏာရ ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီး၏ “ ကြိုတင် အခွင့်အမိန့် ရရှိသည့် အခြား ရာဇဝတ်တရားသူကြီးကဖြစ်စေ အမှု၏မည်သည့်အဆင့်တွင်မဆို အမှုမှ အပြီး အပြတ်လွှတ်ကြောင်း၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ကြောင်း စီရင်ချက် တစ်စုံတစ်ရာ မချမှတ်ဘဲ အကြောင်းပြချက်ရေးသား၍ ၏ အမှုကို ရပ်ဆိုင်းထားနိုင်သည်။ ယင်းသို့ ရပ်ဆိုင်းထား ပြီးနောက် တရားခံကို အချုပ်မှ လွှတ်နိုင်သည်။