ပုဒ်မ ၈၉
ပုဒ်မ ၈၉
တင်ပြခြင်းမပြုသောစာချုပ်စာတမ်းများကို ထိုက်သင့်သည့်အားလျော်စွာချုပ်ဆိုခြင်း စသည်တို့နှင့် စပ်လျဉ်း၍အမှန်ကဲ့သို့မှတ်ယူခြင်း

စာချုပ်စာတမ်းတစ်ခုကို တင်ပြရန်လိုအပ်သည်ဟုတရားရုံးကယူဆသဖြင့် အကြောင်းကြားစာ ပေးပို့၍ တောင်းဆိုထားသော်လည်း တင်ပြခြင်းမပြုသည့်အခါ ထိုစာချုပ်စာတမ်းကိုဥပဒေအရလိုအပ် သည့်နည်းလမ်းအတိုင်းအသိသက်သေ လက်မှတ်ရေးထိုး၍တံဆိပ်ခေါင်းကပ်ပြီး ချုပ်ဆိုထားသော စာချုပ်စာတမ်းဖြစ်သည်ဟု တရားရုံးကမှတ်ယူရမည်။