မည်သူမဆို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်စေရန် သို့မဟုတ် အစုအဝေးဝင် ဖြစ်လာ စေရန် သူတစ်ဦးဦးကို ငှားရမ်းခြင်းဖြစ်စေ၊ ရယူခြင်းဖြစ်စေ၊ စေခိုင်းခြင်းဖြစ်စေပြုလျှင် သို့မဟုတ် ထိုသို့ ငှားရမ်းခြင်း၊ ရယူခြင်း သို့မဟုတ် စေခိုင်းခြင်းကို အားပေးအားမြှောက်ပြုလျှင်ဖြစ်စေ၊ အလိုတူရာ ရောက်လျှင်ဖြစ်စေ ထိုသူသည် ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်သူအဖြစ်ဖြင့် ပြစ်ဒဏ် စီရင်ခြင်း ခံထိုက်စေရမည်။ ထို့ပြင် ထိုသို့ ငှားရမ်းခြင်းကြောင့်ဖြစ်စေ၊ ရယူခြင်းကြောင့်ဖြစ်စေ၊ စေခိုင်းခြင်း ကြောင့်ဖြစ်စေ ငှားရမ်းခြင်း၊ ရယူခြင်း သို့မဟုတ် စေခိုင်းခြင်းခံရသူက ထိုအစုအဝေး၌ ပါဝင်သူအဖြစ်ဖြင့် ကျူးလွန်သော ပြစ်မှုအတွက် အဆိုပါ ငှားရမ်းခြင်း၊ ရယူခြင်း သို့မဟုတ် စေခိုင်းခြင်း တစ်ခုခုပြုသူသည် အစုအဝေးတွင် ပါဝင်သူဖြစ်သကဲ့သို့သော်လည်းကောင်း၊ ပြစ်မှုကိုကိုယ်တိုင်ကျူးလွန်သကဲ့သို့သော်လည်း ကောင်း ပြစ်ဒဏ်ချမှတ်ခြင်း ခံထိုက်စေရမည်။
ရဲအရေးပိုင်သည်။
ငှားရမ်းခြင်း၊ ရယူခြင်း၊စေခိုင်းခြင်းခံရသူ ကျူးလွန်သော ပြစ်မှုအတွက် ပြဌာန်းသည့်အတိုင်း ဝရမ်းစာ သို့မဟုတ် သမ္မာန်စာ ထုတ်ဆင့်ရသည်။
အာမခံ ပေးနိုင်၊ မပေးနိုင်မှာ မူရင်း ပုဒ််မအတိုင်း ဖြစ်သည်။
ကျေအေးခွင့် မရှိ
မူရင်းပြစ်မှုကို စစ်ဆေးနိုင်သော တရားရုံးက စစ်ဆေးနိုင်သည်။