ထိုသူသည် ပုဒ်မ ၁၃၅ အရ အမိန့်ပါသတ်မှတ်ချက်ကို မဆောင်ရွက်လျှင်ဖြစ်စေ၊ ရောက်ရှိ၍အကြောင်းမပြလျှင်ဖြစ်စေ ထိုသူသည် ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ပြစ်ဒဏ်ထိုက်သင့် စေရမည်။ထို့ပြင် ၎င်းအမိန့်ကို အပြီးအပြတ်ဖြစ်အောင် ပြုလုပ်ရမည်။