စုံစမ်းစစ်ဆေးရာတွင် ပေါ်ထွက်လျက်ရှိသည့် ငြင်းချက်များနှင့် စပ်လျဉ်း၍ မေးသောမေးခွန်းများ ကို သက်သေက ဖြေဆိုရမည်။ သို့ရာတွင်-
(က) ရွေးကောက်ပွဲ၌ မည်သူ့အား ဆန္ဒမဲပေးခဲ့သည်ကို ထုတ်ဖော်ပြောစေခြင်း မပြုရ။
(ခ) မေးခွန်းတစ်ရပ်ကို မဖြစ်မနေဖြေဆိုရခြင်းကြောင့် ထိုဖြေဆိုသူအား ဖြေဆိုချက်ကို အကြောင်း ပြု၍ မုသား သက်သေထွက်ဆိုသည်ဟု တရားစွဲဆိုသော ပြစ်မှုမှအပ အခြားမည်သည့်ပြစ်မှုတွင်မျှ ထိုဖြေဆို ချက်ကို သက်သေခံအဖြစ် အသုံးမပြုရ။