သက်သေတစ်ဦးသည် စာရွက်စာတမ်းတစ်ခုတွင် မှန်ကန်စွာရေးမှတ်ထားကြောင်း မိမိဧကန်သိ လျှင် ထိုစာရွက်စာတမ်းပါအကြောင်းခြင်းရာများကို တိကျသေချာစွာမှတ်မိခြင်းမရှိသော်လည်း ထို အကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ သက်သေခံနိုင်သည်။သို့ရာတွင် ထိုအကြောင်းခြင်းရာများသည် ပုဒ်မ ၁၅၉ တွင်ဖော်ပြထားသည့် စာရွက်စာတမ်းမျိုး၌ပါရှိသော အကြောင်းခြင်းရာများဖြစ်ရမည်။
ဥပမာ
စာရင်းကိုင်တစ်ဦးသည် လုပ်ရိုးလုပ်စဉ်အရနည်းလမ်းတကျ ထိန်းသိမ်းထားရှိသည့် စာရင်းစာအုပ်များ တွင်ရေးသွင်းထားသောသီးခြား အလုပ်ကိစ္စ များကိုမေ့လျော့သော်လည်း ထိုစာရင်းစာအုပ်များကို မှန်ကန်စွာ ထိန်းသိမ်းထားရှိကြောင်း မိမိသိရှိလျှင် ထိုစာရင်းစာအုပ်များတွင် မိမိရေးမှတ်ထားသည့် အကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ သက်သေခံနိုင်သည်။