ပုဒ်မ ၁၀၉
ပုဒ်မ ၁၀၉
တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်း

မည်သည့်အခါ တရားလွှတ်တော်ချုပ်၌ အယူခံဝင်နိုင်ခြင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းရှိ အခြားတရားရုံးများမှ တရားလွှတ်တော်ချုပ်၌ အယူခံဝင်ခြင်းနှင့် စပ်လျဉ်း၍ တရားလွှတ်တော်ချုပ်က အခါအားလျော်စွာပြဌာန်းထားသည့် နည်းဥပဒေ များနှင့်လည်းကောင်း၊ နောက်တွင် ဖော်ပြပါရှိမည့် ပြဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ အောက်ပါတို့နှင့် စပ်လျဉ်း၍ တရားလွှတ်တော်ချုပ်တွင် အယူခံဝင်နိုင်သည် – 

(က) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် အပြီးသတ်အယူခံ စီရင်ပိုင်ခွင့်အာဏာရှိသည့် အခြား တရားရုံးတစ်ရုံးရုံးက အယူခံတွင် ချမှတ်ခဲ့သည့် ဒီကရီတစ်ရပ်ရပ် သို့မဟုတ် အပြီးသတ်အမိန့်၊

(ခ)    တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်က တရားမ မူလစီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးချမှတ်ခဲ့သည့် ဒီကရီ တစ်ရပ်ရပ် သို့မဟုတ် အပြီးသတ်အမိန့်၊

( ဂ ) နောက်တွင် ပြဌာန်းပါရှိမည့်အတိုင်း အမှုတစ်မှုသည် တရားလွှတ်တော်ချုပ်၌ အယူခံဝင်ရန် သင့်တော်သောအမှုဖြစ်ကြောင်း ထောက်ခံလျှင် ယင်းအမှုတွင် ချမှတ်သော ဒီကရီတစ်ရပ်ရပ် သို့မဟုတ် အမိန့်။