(၁) ခရိုင် ရာဇဝတ်တရားသူကြီးမှတစ်ပါး အခြားတရားသူကြီးတစ်ဦးက ပုဒ်မ ၁၈၆ ထိုက်သင့် သည့် ဝရမ်းဖြင့် ထိုသူကို ဖမ်းဆီးရမိလျှင် အဆိုပါ တရားသူကြီးသည် ထို မိမိအထက်ရှိ ခရိုင် ရာဇဝတ်တရားသူကြီးထံဖြစ်စေ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီးထံဖြစ် ပို့ပေးရမည်။ သို့သော် ထိုပြစ်မှုကို စုံစမ်းစစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိသော တရားသူကြီး ထိုသူကို ဖမ်းဆီးရန် ဝရမ်း ထုတ်ဆင့်သည့်အခါ ထိုဖမ်းဆီးရမိသူကို ဝရမ်း အတည်ပြု ရဲအရာရှိထံ လွှဲအပ်ရမည် သို့မဟုတ် ဝရမ်းထုတ်ဆင့်ခဲ့သည့် တရားသူကြီးထံ ပို့ပေးရမည်။
(၂) ဖမ်းဆီးရမိသူ ကျူးလွန်ခဲ့သည်ဟု အဆိုရှိသောပြစ်မှု သို့မဟုတ် ကျူးလွန်ခဲ့သည်ဟု သင်္ကာမကင်း သည့်ပြစ်မှုမှာ ပုဒ်မ ၁၈၆ အရ ဆောင်ရွက်သည့် တရားသူကြီး၏ တရားရုံး မှတစ်ပါး ယင်ခရိုင်အတွင်းရှိ မည်သည့်တရားရုံးကမဆို စုံစမ်းစစ်ဆေး သို့မဟုတ် စစ်ဆေး စီရင်နိုင်သည့် ပြစ်မှု ဖြစ်လျှင် အဆိုပါ တရားသူကြီးသည် ထိုသူကို အဆိုပါ တရားရုံးသို့ ပို့ပေးရမည်။