(၁) စစ်ဆေးစီရင်မှ စတင်ရန် တရားရုံးက အဆင်သင့်ဖြစ်သည့်အခါ တရားရုံးရှေ့သို့ တရားခံရောက်ရှိရမည်၊ သို့မဟုတ် ၎င်းကို တင်ပို့ရမည်။ ထို့နောက်စွဲချက်ကို တရားရုံး ရှေ့တွင်ဖတ်ပြပြီး တရားခံအားရှင်းပြရမည့်အပြင် စွဲချက်တင်ထားသည့်ပြစ်မှုနှင့်စပ်လျဉ်း၍ အပြစ်ရှိ မရှိ၊ သို့မဟုတ် စစ်ဆေးစီရင်ခံရန် တောင်းဆိုလိုသည် မလိုသည်ကို တရားခံအား မေးမြန်းရမည်။
အပြစ်ရှိကြောင်း ဖြေကြားခြင်း။
(၂) တရားခံက အပြစ်ရှိသည်ဟု ဖြေကြားလျှင် ထိုဖြေကြားချက်ကို မှတ်တမ်း တင်ပြီး တရားခံအပေါ် ၎င်းဖြေကြားချက်အရ ပြစ်မှုထင်ရှားစီရင်နိုင်သည်။