ပုဒ်မ ၂၈၂
ပုဒ်မ ၂၈၂
ဂျူရီလူကြီးများ တက်ရောက်ခြင်း မပြုသည့်အခါ လိုက်နာရန်ကျင့်ထုံး

(၁) ဂျုရီနှင့် စစ်ဆေးစီရင်နေစဉ်အတောအတွင်း ဆုံးဖြတ်ချက်မပေးမီ မည်သည့် အချိန်တွင်မဆို ဂျူရီလူကြီး တစ်ဦးတစ်ယောက်သည် လုံလောက်သည့် အကြောင်းတစ်စုံတစ်ရာ ကြောင့် စစ်ဆေးစီရင်မှုတစ်လျှောက်လုံး တက်ရောက်နိုင်ခြင်းမရှိလျှင်၊ သို့မဟုတ် ဂျူရီလူကြီး တစ်ဦးတစ်ယောက်သည် မိမိအလိုအလျောက်တက်ရောက်ရန် ပျက်ကွက်ပြီး တက်ရောက်ရန်လည်း အတင်းအကြပ် လုပ်ဆောင်နိုင်စွမ်းမရှိလျှင်၊ သို့မဟုတ် ဂျူရီလူကြီး တစ်ဦးတစ်ယောက်သည် သက်သေခံချက်ရယူသည့် ဘာသာစကား၊ သို့မဟုတ် ထိုသက်သေခံချက်ကို ဘာသာ ပြန်ဆိုပေးသည့် ဘာသာပြန်ဆိုချက်စကားကို နားလည်နိုင်စွမ်းမရှိလျှင် ဂျူရီလူကြီးအသစ်တစ်ဦး ထည့်သွင်းပေးရမည်၊ သို့မဟုတ် ဂျုရီကိုဖျက်သိမ်းပြီးနောက် ဂျူရီအသစ်ရွေးချယ်ရမည်။

(၂) ထိုကဲ့သို့သော ကိစ္စရပ်အသီးသီးတွင် စစ်ဆေးစီရင်မှုကို အသစ်တစ်ဖန် စတင်ဆောင်ရွက်ရမည်။