(၁) ပုဒ်မ ၆၈ အရ ကြေညာချက်အတည်မဖြစ်သော ဒေသတစ်ခုခု၌ ဝရမ်းကပ် ထားသော ပစ္စည်းတွင် မြေ သို့မဟုတ် မြေတွင်ရထိုက်ခွင့်အစု(share in land) ပါဝင်ပြီး အဆိုပါမြေ သို့မဟုတ် အစုကို လေလံတင် ရောင်းချရန် ခွင့်မပြုသင့်ကြောင်းနှင့် အဆိုပါမြေ သို့မဟုတ် အစုကို ယာယီလွှဲပြောင်းခြင်းဖြင့် ဒီကရီ ကျေအေးပြေငြိမ်းစေရန်အတွက် သင့်လျော်သော အချိန်အတွင်း ပြုလုပ်ပေးနိုင်ကြောင်း ကော်လိတ္တော် အရာရှိက တရားရုံးသို့ တင်ပြသောအခါ အဆိုပါမြေ သို့မဟုတ် အစုကို ရောင်းချရန် ဆောင်ရွက်မည့်အစား ၎င်းထောက်ခံ တင်ပြထားသည့် နည်းလမ်းအတိုင်း အဆိုပါ ဒီကရီကျေအေးပြေငြိမ်းအောင် ဆောင်ရွက်စေရန် ကော်လိတ္တော်အရာရှိအား တရားရုံးက အခွင့်အာဏာအပ်နှင်းနိုင်သည်။
(၂) အဆိုပါကိစ္စအသီးသီးတွင် ပုဒ်မ ၆၉ မှ ၇၁ ပါပြဌာန်းချက်များနှင့်တကွ ယင်းပုဒ်မများ နှင့်အညီ ပြုလုပ်ထားသော နည်းဥပဒေများပါ ပြဌာန်းချက်များသည် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေ ရမည်။