(၁) နိုင်ငံတော်သမ္မတသည်၊ သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သီးခြားဖော်ပြထားသောအရာရှိ၊ သို့မဟုတ် အာဏာပိုင်သည် မည်သည့်ဒေသတွင်မဆို ယေဘုယျ အားဖြင့်ဖြစ်စေ၊ အမှုတစ်ခုခုတွင်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် အမှုအမျိုးအစားအတွက် ဖြစ်စေ အစိုးရရှေ့နေများဟု ခေါ်တွင်သော တစ်ဦး၊ သို့မဟုတ် တစ်ဦးထက်ပိုသော အရာရှိများကို ခန့်ထားနိုင်သည်။
(၂) ခရိုင်ရာဇဝတ်တရားသူကြီးသည်၊ သို့မဟုတ် ခရိုင်ရာဇဝတ်တရားသူကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နယ်ပိုင်ရာဇဝတ်တရားသူကြီးသည် အစိုးရရှေ့နေ မရှိသည့်အခါဖြစ်စေ၊ အစိုးရရှေ့နေခန့်ထားပြီး မဟုတ်သည့်အခါဖြစ်စေ ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သတ်မှတ်သည့် ရာထူးအဆင့်အတန်းအောက်နိမ့်သော ရဲအရာရှိမဟုတ်သူ အခြားမည်သူကိုမဆို အမှု တစ်မှုမှု ကိစ္စအလို့ငှာ အစိုးရရှေ့နေအဖြစ် ခန့်ထားနိုင်သည်။